Quantcast
Channel: မောင်ပေါက် ( Maung Pauk )
Viewing all articles
Browse latest Browse all 3515

CoC ဂိမ်းကို ထုတ်လုပ်ခဲ့တဲ့ Supercell ကုမ္ပဏီကို ဒေါ်လာ ကိုးဘီလျံနဲ့ဝယ်ယူဖို့ တရုတ်လုပ်ငန်းစုနီးစပ်နေ - By CHAN LAY (MCMM)

$
0
0






ကမ္ဘာကျော် မိုဘိုင်းဂိမ်းတစ်ခုဖြစ်တဲ့ CoC ဂိမ်းကို ထုတ်လုပ်နိုင်ခဲ့တဲ့ Supercell ကုမ္ပဏီကို ဝယ်ယူဖို့အတွက် တရုတ် အင်အားကြီး နည်းပညာကုမ္ပဏီတစ်ခုက ကြိုးပမ်းလာခဲ့တယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ အမည်ကတော့ Tencent လို့ သိရပြီး မီဒီယာ ၊ ဖျော်ဖြေရေး ၊ အင်တနက်နဲ့ မိုဘိုင်းလ်ဖုန်းလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုပေါင်းများစွာကို ပြုလုပ်ထားတဲ့ တရုတ်ကုမ္ပဏီကြီး တစ်ခုဖြစ်ပါတယ်။

Supercell ကတော့ CoC အပြင် ၊ Boom Beach , Clash Royale နဲ့ Hay Day စတဲ့ ဂိမ်းတွေကိုလည်း ထုတ်လုပ်ခဲ့ပြီး အဲ့ဒီဂိမ်းတွေအားလုံးက အောင်မြင်မှုတွေရရှိနေတာကြောင့် နောက်ပိုင်းမှာ ဒေါ်လာ ကိုး ဘီလျံအထိ သူတို့ရဲ့ တန်ကြေးက ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Supercell ရဲ့ ရှယ်ယာ ခုနစ်ဆယ်ရာနှုန်းကို ဂျပန်နည်းပညာကုမ္ပဏီဖြစ်တဲ့ Softbank က ပိုင်ဆိုင်ထားတာဖြစ်ပြီး ဒီနှစ်အစောပိုင်းကမှ ဝယ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ Softbank နဲ့ Tencent တို့ကတော့ အရောင်းအဝယ် ကိစ္စအတွက် ဆွေးနွေးလျက်ရှိနေကြပြီး ဒေါ်လာ ကိုးဘီလျံနဲ့ ဝယ်ယူနိုင်ဖို့ နီးစပ်လျက်ရှိနေပါတယ်။

Softbank ကတော့ လောလောဆယ်မှာ ဒေါ်လာ ဘီလျံ ၈၀ အထိ အကြွေးတင်လျက်ရှိနေပြီး သူတို့ရဲ့ ရှယ်ယာ ဒေါ်လာ ၇.၉ ဘီလျံဖိုးကိုလည်း တရုတ်နိုင်ငံရဲ့ နာမည်ကျော် Alibaba လုပ်ငန်းစုကို ရောင်းချဖို့ ပြင်ဆင်လျက်ရှိနေတယ်လို့ သိရပါတယ်။ Supercell ကုမ္ပဏီကတော့ အရင်နှစ်က အမြတ်ငွေ ဒေါ်လာ ၇၇၉.၁ သန်းအထိ ရရှိခဲ့ပြီး ဝင်ငွေ ၂.၁၁ ဘီလျံမှာ အခုလိုအသားတင်အမြတ်ငွေရရှိခဲ့တာဖြစ်ပါတယ်။

Supercell ရဲ့ ဂိမ်းတွေကို ဆော့ကစားသူဟာ တစ်နေ့ကို သန်း ၁၀၀ အထိရှိနေပြီး Supercell ကုမ္ပဏီကို ဝယ်ယူတဲ့ လုပ်ငန်းစုတွေဟာ Supercell ကို အပြည့်အဝထိန်းချုပ်လို့မရတဲ့ သဘောတူညီချက်ကို သဘောတူရလေ့ရှိတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် Supercell ကို ပိုင်တယ်ဆိုရုံလောက်သာ အမည်ပေါက်မှာ ဖြစ်ပြီး ဝယ်ယူတဲ့လုပ်ငန်းစုတွေဟာ Supercell ရဲ့ လုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက်လို့တော့ မရပါဘူး။



Credit To... ( Digital Times)

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


“မှတ်ပုံတင်နှင့် လပေးမှသည် အပေါင်ဆိုင်သို့ ”


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>