၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် အသစ်ဖြန့်ချိပေးခဲ့တဲ့ Facebook Messenger မှာ Facebook chat သုံးစွဲသူများ လက်ရှိပုံစံကို ပျင်းရိမှုမဖြစ်စေရန်အတွက် Facebook Messenger အတွင်းတွင် မိမိနဲ့ ဆက်သွယ်ပြောဆိုနေတဲ့ လူတစ်ဦးချင်းစီကို အရောင်များခွဲခြားပြီး သတ်မှတ်ထားနိုင်သလို Like Button နေရာမှာ Emoji များကို ပြောင်းလဲပြီး အသုံးပြုနိုင်ရန်အတွက် စီစဉ်ပေးထားပါတယ်။
Facebook Messenger မှာ အရောင်တွေကို ခွဲခြား အသုံးပြုနိုင်ဖို့အတွက် Android အသုံးပြုထားတဲ့ ဖုန်းတို့၊ Tablet တို့ဆိုရင် Messenger ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် မိမိဆက်သွယ်ပြောဆိုနေကျသူရဲ့အကောင့် ကို ဖွင့်ရပါမယ်။ ညာဘက် အပေါ်ထောင့်နားမှာ Exclamation mark ( ! ) ပုံစံကို တွေ့ရပါမယ်။ အဆိုပါ အမှတ်လေးကို နှိပ်လိုက်ပါ။ ပြီးသွားရင် Color ဆိုတာကိုရွေးချယ်ပြီး နှစ်သက်ရာအရောင်ကို လူတစ်ဦးချင်းစီအလိုက် သတ်မှတ်ပေးထားနိုင်မှာ ဖြစ်ပါတယ်။
Messenger ရဲ့Chat box ဘေးက Like Button နေရာမှာ အခြားသော Emoji ကို အစားထိုး အသုံးပြု လိုသူများအတွက် Color ရဲ့ အောက်ဘက်နားမှာ Emoji ဆိုတဲ့ button ကို တွေ့မြင်ရပါလိမ့်မယ်။ အဆိုပါ button ကို နှိပ်ပြီး နှစ်သက်ရာ Emoji ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် မိမိသူငယ်ချင်း အပေါင်းအသင်းကို Nickname ပေးလိုသူများအတွက် Nicknames ဆိုတဲ့နေရာမှာ နှစ်သက်ရာ နာမည်ကို ထည့်သွင်းပေးနိုင်ပါတယ်။
iOS အသုံးပြုသူများအတွက်ကတော့ မိမိစကားပြောသူရဲ့ အကောင့်နာမည်နေရာကို နှိပ်လိုက်ပါ။ ပြီးသွားရင် Android မှာ ဖော်ပြထားသကဲ့သို့ တစ်ဦးချင်းစီရဲ့ အရောင်ကို သတ်မှတ်လိုလျှင် Color ကို နှိပ်ပြီး သတ်မှတ်နိုင်သလို Emoji များကိုလည်း ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ Nickname ကို ပြောင်းချင်တယ် ဆိုရင်တော့ Notifications အောက်မှာရှိတဲ့ Nicknames ဆိုတာကို နှိပ်ကာ Nickname ကို ပြောင်းလဲ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။
Ref: dailydot 
Internet Journal