
အင်ဒိုနီးရှားက ရေးတဲ့ Smadav ဟာ Windows PC သမားတွေအတွက် အကြိုက်တွေ့လာခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ.. မောင်ပေါက်လည်း ထွက်သမျကို Update ဖြစ်အောင် တင်ပေးခဲ့ပါတယ်.. လိုင်စင်ဗားရှင်းက ၄ ဒေါ်လာသာရှိပေမယ့် ဝယ်ယူဖို့အခက်အခဲရှိတဲ့သူတွေအတွက် Free Version ကိုလည်း ထုတ်ပေးထားပါတယ်.. Free Version ဆိုပေမယ့် Pro နီးပါးလောက် စွမ်းဆောင်ရွည်မြင့်မားအောင် စေနတာထားတာကိုတွေ့ရပါတယ်.. ကျွန်တော်တို့ မြန်မာနိုင်ငံလို ဆိုင်က တစ်ခွေ ၁၀၀၀ နဲ့ဝယ်ပြီး သုံးနေကြတဲ့ Pirate Windows သမားတွေအတွက် Virus အမျိုးမျိုးရဲ့ လက်တည့်စမ်းမှုတွေကို နေ့စဉ်ကြုံတွေ့နေကြရတာပါ.. Official Software တွေဝယ်သုံးဖို့လည်း အခက်အခဲရှိနေကြဆဲဖြစ်တဲ့အတွက် Crack ထားတဲ့ Software တွေကိုသုံးရင်း Virus ရန်ကို နေ့စဉ် ကြုံတွေ့နေကြရပါတယ်.. ဒီ Smadav လေးဟာ ဖိုင်ဆိုဒ်သေးတယ်ဆိုပေမယ့် ကျွန်တော်တို့ ခုတလောကြုံတွေ့နေရတဲ့ သာမန် Virus, Warm, Trojan တွေကို ကောင်းကောင်း နှိမ်နင်းနိုင်တာကိုတွေ့ရပါတယ်... သာမန်အားဖြင့်တော့ MSE နဲ့ Smadav နှစ်ခု ထည့်ထားရုံနဲ့ တော်ရုံတန်ရုံ Virus လောက်တော့ ကောင်းကောင်း ထိန်းထားနိုင်ပါတယ်.. ကဲ ၂၀၁၆ ရဲ့ နောက်ဆုံးထွက် ဗားရှင်းလေး အောက်မှာ ယူနိုင်ကြပါပြီ...
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org