
တရုတ္ႏိုင္ငံရဲ႕ ကိုယ္ပိုင္ ျပည္တြင္းထုတ္ စမတ္ဖုန္း တံဆိပ္ေတြထဲမွာ Huawei ဟာ ဥေရာပကို ထဲထဲဝင္ဝင္ထိုးေဖာက္လာႏိုင္ခဲ့ပါတယ္.. Huawei ဟာ Low-end smartphone ေတြနဲ႔ Mid-range smartphone ေတြနဲ႔ ကမၻာတစ္လႊားကို ထိုးေဖာက္ခဲ့ၿပီးတဲ့ေနာက္ အခုေနာက္ဆံုး ဥေရာပကို ထိုးေဖာက္လာတာကေတာ့ Mate 10 Pro ျဖစ္ပါတယ္.. ဥေရာပရဲ႕ အဆင့္အတန္းနဲ႔ လိုက္ေလ်ာညီေထြရွိေစမယ့္ Mate 10 Pro ဟာ flagship အေနနဲ႔ ထုတ္လုပ္ထားတာပါ..

Huawei ရဲ႕ ကိုယ္ပိုင္ CPU ျဖစ္တဲ့ Kirin 970 ကို RAM 6GB, Internal Storage 128GB နဲ႔တြဲဖက္ထားပါတယ္.. Leica ရဲ႕ အေကာင္းဆံုး ကင္မရာ ၂လံုးတြဲကို ေက်ာဘက္မွာတပ္ဆင္ေပးထားၿပီး ဘက္ထရီအားအတြက္လည္း လံုးဝ ေက်နပ္ေစမယ့္ 4,000mAh battery တပ္ဆင္ေပးထားတာပါ.. ၂ ရက္ေလာက္ေတာ့ ဘယ္လိုသံုးသံုး စိတ္ခ်လက္ခ် သံုးႏိုင္မယ္တဲ့.. USB Type-C, IP67 certification နဲ႔ Operating System ကို Android Oreo နဲ႔ ပြဲထုတ္လာမယ္လို႔ဆိုပါတယ္.. Wireless Charging စနစ္ပါမပါ မသိရေပမယ့္ အျမန္အားသြင္းစနစ္၊ မ်က္ႏွာဖတ္ၿပီး Unlock လုပ္တဲ့စနစ္၊ လက္ေဖြစနစ္ေတြကေတာ့ ပါလာမွာပါ.. ဒီေလာက္လန္ထြက္ေနတဲ့ Spec နဲ႔ Mate 10 Pro အတြက္ ဥေရာပရဲ႕ ၾသဇာအာဏာရွိလွတဲ့ ဖုန္းကုမၸဏီ At&T နဲ႔ ခ်ိတ္ဆက္ေရာင္းခ်မယ္လို႔ ေကာလဟာလေတြ ထြက္ေပၚခဲ့ေပမယ့္ Verizon နဲ႔လည္း လက္တြဲလာႏိုင္တယ္လို႔ ခန္႔မွန္းၾကပါတယ္..

ဘာပဲျဖစ္ျဖစ္ Huawei ဟာ Mate 10 Pro ကို လာမယ့္ 9.1.2018 ရက္ေန႔မွာက်င္းပေတာ့မယ့္ CES 2018 event မွာ ထုတ္ေဖၚျပသေတာ့မွာေတာ့ ေသခ်ာသေလာက္ျဖစ္ေနပါၿပီ... ဘာတဲ့.. သူ႔ရဲ႕ ေၾကြးေၾကာ္သံက "The best phone you never heard of"တဲ့..
<Unicode>
တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင် ပြည်တွင်းထုတ် စမတ်ဖုန်း တံဆိပ်တွေထဲမှာ Huawei ဟာ ဥရောပကို ထဲထဲဝင်ဝင်ထိုးဖောက်လာနိုင်ခဲ့ပါတယ်.. Huawei ဟာ Low-end smartphone တွေနဲ့ Mid-range smartphone တွေနဲ့ ကမ္ဘာတစ်လွှားကို ထိုးဖောက်ခဲ့ပြီးတဲ့နောက် အခုနောက်ဆုံး ဥရောပကို ထိုးဖောက်လာတာကတော့ Mate 10 Pro ဖြစ်ပါတယ်.. ဥရောပရဲ့ အဆင့်အတန်းနဲ့ လိုက်လျောညီထွေရှိစေမယ့် Mate 10 Pro ဟာ flagship အနေနဲ့ ထုတ်လုပ်ထားတာပါ.. Huawei ရဲ့ ကိုယ်ပိုင် CPU ဖြစ်တဲ့ Kirin 970 ကို RAM 6GB, Internal Storage 128GB နဲ့တွဲဖက်ထားပါတယ်.. Leica ရဲ့ အကောင်းဆုံး ကင်မရာ ၂လုံးတွဲကို ကျောဘက်မှာတပ်ဆင်ပေးထားပြီး ဘက်ထရီအားအတွက်လည်း လုံးဝ ကျေနပ်စေမယ့် 4,000mAh battery တပ်ဆင်ပေးထားတာပါ.. ၂ ရက်လောက်တော့ ဘယ်လိုသုံးသုံး စိတ်ချလက်ချ သုံးနိုင်မယ်တဲ့.. USB Type-C, IP67 certification နဲ့ Operating System ကို Android Oreo နဲ့ ပွဲထုတ်လာမယ်လို့ဆိုပါတယ်.. Wireless Charging စနစ်ပါမပါ မသိရပေမယ့် အမြန်အားသွင်းစနစ်၊ မျက်နှာဖတ်ပြီး Unlock လုပ်တဲ့စနစ်၊ လက်ဖွေစနစ်တွေကတော့ ပါလာမှာပါ.. ဒီလောက်လန်ထွက်နေတဲ့ Spec နဲ့ Mate 10 Pro အတွက် ဥရောပရဲ့ သြဇာအာဏာရှိလှတဲ့ ဖုန်းကုမ္ပဏီ At&T နဲ့ ချိတ်ဆက်ရောင်းချမယ်လို့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပေမယ့် Verizon နဲ့လည်း လက်တွဲလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်.. ဘာပဲဖြစ်ဖြစ် Huawei ဟာ Mate 10 Pro ကို လာမယ့် 9.1.2018 ရက်နေ့မှာကျင်းပတော့မယ့် CES 2018 event မှာ ထုတ်ဖေါ်ပြသတော့မှာတော့ သေချာသလောက်ဖြစ်နေပါပြီ... ဘာတဲ့.. သူ့ရဲ့ ကြွေးကြော်သံက "The best phone you never heard of"တဲ့..
အဆင္ေျပပါေစ..
ေမာင္ေပါက္< Blogger >
www.maungpauk.org