Quantcast
Channel: မောင်ပေါက် ( Maung Pauk )
Viewing all articles
Browse latest Browse all 3515

Microsoft က Surface Phone ကိုျဖန္႔ခ်ိဖို႔ နီးကပ္ေနၿပီလား

$
0
0

စမတ္ဖုန္းေတြအၿပိဳင္အဆိုင္ ထုတ္လုပ္ေနတဲ့ေခတ္ကို အမီလိုက္ႏိုင္ဖို႔ Microsoft ကုမၸဏီႀကီးကလည္း ႀကိဳးစားေနၿပီထင္ပါတယ္.. Microsoft က စမတ္ဖုန္းထုတ္လုပ္လာႏိုင္သလားဆိုၿပီး နည္းပညာသတင္းေတြၾကားမွာ နားစြင့္ခဲ့ၾကေပမယ့္ Microsoft ကေတာ့ ႏႈတ္ဆိတ္ေနခဲ့တယ္..
ဒါေပမယ့္ တရုတ္အေမးအေျဖ website တစ္ခုမွာ Microsoft ရဲ႕ အင္ဂ်င္နီယာတစ္ေယာက္က အေျဖေပးထားတဲ့အထဲမွာ Surface Phone နဲ႔ပတ္သက္ၿပီး ထုတ္ေဖၚေျပာၾကားလာေတာ့ Microsoft ဟာ စမတ္ဖုန္းသစ္ Surface Phone ကို ျဖန့္ခ်ိဖို႔ နီးကပ္ေနၿပီလား ဆိုတဲ့ အေတြးဟာ နည္းပညာ ေလ့လာသူၾကား ေတာ္ေတာ္ စိတ္ဝင္စားခဲ့ၾကပါတယ္.. တရုတ္အေမးအေျဖ website ထဲမွာ Microsoft ရဲ႕ Windows OS မွာပါတဲ့ Cortana ဆိုတဲ့ Assistant Software ဟာ သံုးစြဲသူေတြကို အားရေက်နပ္ေလာက္ေအာင္ မစြမ္းေဆာင္ႏိုင္ဘူး.. အဲဒီျပႆနာနဲ႔ပတ္သက္ၿပီး Microsoft ဘယ္လိုေျဖရွင္းဖို႔ အစီအစဥ္ရွိပါသလဲ ဆိုတဲ့ ေမးခြန္းကို Microsoft အင္ဂ်င္နီယာက ေျဖၾကားရာမွာ
"Cortana Software ကို အဆင့္ျမွင့္တင္ဖို႔ ႀကိဳးစားေနပါတယ္.. အထူးသျဖင့္ အဆင့္ျမွင့္ထားတဲ့ Cortana ကို Microsoft ရဲ႕ Surface Phone မွာ စတင္သံုးစြဲမွာျဖစ္ၿပီး တကယ့္ကို လိုေလေသးမရွိ ျပည့္စံုတဲ့ Cortana ကို Surface Phone သံုးစြဲသူေတြ စတင္အရသာခံၾကရမွာျဖစ္ပါတယ္..
Siri နဲ႔ Bixby ဆိုတဲ့ အေထာက္အကူျပဳ Software ႏွစ္ခုကို အရင္ထည့္မယ္.. ၿပီးရင္ Cortana ကို Thirt-party Application အေနနဲ႔ထည့္ေပးလိုက္ပါမယ္.. Windows Phone သံုးစြဲသူေတြအေနနဲ႔ ပိုမိုျပည့္စံုတဲ့ Cortana app ကို အသံုးျပဳႏိုင္ၾကေတာ့မွာပါ.. Cortana ဟာ သံုးရ နည္းနည္းခက္တယ္ဆိုတာ သိပါတယ္.. ဒါေပမယ့္ အေသအခ်ာ ျပင္ဆင္ထားၿပီး ျပည့္စံုတဲ့ Cortana ကို Windows Phone မွာေရာ၊ Windows PC အသံုးျပဳတဲ့သူေတြပါ အဆင္ေျပေျပ အသံုးျပဳႏိုင္ေအာင္ စီစဥ္ေနပါတယ္"ဆိုၿပီး ေျပာခဲ့ပါတယ္..

Microsoft အင္ဂ်င္နီယာရဲ႕ ေျပာစကားထဲမွာ Microsoft Surface Phone အေၾကာင္း ထပ္ခါထပ္ခါ ပါဝင္ေနတာကို သတိထားမိၾကတဲ့ နည္းပညာေလ့လာသူေတြဟာ Microsoft Surface Phone အေၾကာင္း ပိုမို သိခ်င္လာၾကၿပီး အဲဒီအင္ဂ်င္နီယာကို ေမးခဲ့ၾကေပမယ့္ သူက ရယ္သြမ္းေသြးၿပီး "Microsoft Surface Phone နဲ႔ပတ္သက္လို႔ ခုေလာေလာဆယ္ေတာ့ ေျပာလို႔မျဖစ္ေသးဘူးဗ်"လိုသာ တုန္႔ျပန္သြားခဲ့ပါတယ္..
<Unicode>
စမတ်ဖုန်းတွေအပြိုင်အဆိုင် ထုတ်လုပ်နေတဲ့ခေတ်ကို အမီလိုက်နိုင်ဖို့ Microsoft ကုမ္ပဏီကြီးကလည်း ကြိုးစားနေပြီထင်ပါတယ်.. Microsoft က စမတ်ဖုန်းထုတ်လုပ်လာနိုင်သလားဆိုပြီး နည်းပညာသတင်းတွေကြားမှာ နားစွင့်ခဲ့ကြပေမယ့် Microsoft ကတော့ နှုတ်ဆိတ်နေခဲ့တယ်..

ဒါပေမယ့် တရုတ်အမေးအဖြေ website တစ်ခုမှာ Microsoft ရဲ့ အင်ဂျင်နီယာတစ်ယောက်က အဖြေပေးထားတဲ့အထဲမှာ Surface Phone နဲ့ပတ်သက်ပြီး ထုတ်ဖေါ်ပြောကြားလာတော့ Microsoft ဟာ စမတ်ဖုန်းသစ် Surface Phone ကို ဖြန့်ချိဖို့ နီးကပ်နေပြီလား ဆိုတဲ့ အတွေးဟာ နည်းပညာ လေ့လာသူကြား တော်တော် စိတ်ဝင်စားခဲ့ကြပါတယ်.. တရုတ်အမေးအဖြေ website ထဲမှာ Microsoft ရဲ့ Windows OS မှာပါတဲ့ Cortana ဆိုတဲ့ Assistant Software ဟာ သုံးစွဲသူတွေကို အားရကျေနပ်လောက်အောင် မစွမ်းဆောင်နိုင်ဘူး.. အဲဒီပြဿနာနဲ့ပတ်သက်ပြီး Microsoft ဘယ်လိုဖြေရှင်းဖို့ အစီအစဉ်ရှိပါသလဲ ဆိုတဲ့ မေးခွန်းကို Microsoft အင်ဂျင်နီယာက ဖြေကြားရာမှာ

"Cortana Software ကို အဆင့်မြှင့်တင်ဖို့ ကြိုးစားနေပါတယ်.. အထူးသဖြင့် အဆင့်မြှင့်ထားတဲ့ Cortana ကို Microsoft ရဲ့ Surface Phone မှာ စတင်သုံးစွဲမှာဖြစ်ပြီး တကယ့်ကို လိုလေသေးမရှိ ပြည့်စုံတဲ့ Cortana ကို Surface Phone သုံးစွဲသူတွေ စတင်အရသာခံကြရမှာဖြစ်ပါတယ်..
Siri နဲ့ Bixby ဆိုတဲ့ အထောက်အကူပြု Software နှစ်ခုကို အရင်ထည့်မယ်.. ပြီးရင် Cortana ကို Thirt-party Application အနေနဲ့ထည့်ပေးလိုက်ပါမယ်.. Windows Phone သုံးစွဲသူတွေအနေနဲ့ ပိုမိုပြည့်စုံတဲ့ Cortana app ကို အသုံးပြုနိုင်ကြတော့မှာပါ.. Cortana ဟာ သုံးရ နည်းနည်းခက်တယ်ဆိုတာ သိပါတယ်.. ဒါပေမယ့် အသေအချာ ပြင်ဆင်ထားပြီး ပြည့်စုံတဲ့ Cortana ကို Windows Phone မှာရော၊ Windows PC အသုံးပြုတဲ့သူတွေပါ အဆင်ပြေပြေ အသုံးပြုနိုင်အောင် စီစဉ်နေပါတယ်"ဆိုပြီး ပြောခဲ့ပါတယ်..

Microsoft အင်ဂျင်နီယာရဲ့ ပြောစကားထဲမှာ Microsoft Surface Phone အကြောင်း ထပ်ခါထပ်ခါ ပါဝင်နေတာကို သတိထားမိကြတဲ့ နည်းပညာလေ့လာသူတွေဟာ Microsoft Surface Phone အကြောင်း ပိုမို သိချင်လာကြပြီး အဲဒီအင်ဂျင်နီယာကို မေးခဲ့ကြပေမယ့် သူက ရယ်သွမ်းသွေးပြီး "Microsoft Surface Phone နဲ့ပတ်သက်လို့ ခုလောလောဆယ်တော့ ပြောလို့မဖြစ်သေးဘူးဗျ"လိုသာ တုန့်ပြန်သွားခဲ့ပါတယ်..

Ref : Windows Lastest

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org



Viewing all articles
Browse latest Browse all 3515

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>