Quantcast
Channel: မောင်ပေါက် ( Maung Pauk )
Viewing all articles
Browse latest Browse all 3515

မြန်မာနိုင်ငံ၏ စတုတ္ထမြောက်အော်ပရေတာ စတင်ဆောင်ရွက်မည်

$
0
0

မြန်မာနိုင်ငံ၏ စတုတ္ထမြောက်အော်ပရေတာ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မှ သိရသည်။ အဆိုပါ အော်ပရေတာအနေဖြင့် MPT, Telenor, Ooredoo တို့နှင့်အပြိုင် ဝန်ဆောင်မှုပေးသွားမည် ဖြစ်သည်။ စတုတ္ထမြောက် အော်ပရေတာတွင် အစုရှယ်ယာရှင် သုံးခုပါဝင်မည်ဖြစ်ပြီး ပြည်တွင်း အများပိုင်ကုမ္ပဏီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသည့် Myanmar National Telecom Holding Public Limited, အစိုးရ၏ အစုရှယ်ယာရှင်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပြုတင်ပြထားသည့် Star High Public Co.,Ltd နှင့် ဗီယက်နမ်နိုင်ငံမှ Viettel ကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။
စတုတ္ထမြောက် ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရယူသုံးစွဲမည့် ပြည်တွင်း အများပိုင်ကုမ္ပဏီနှင့် အစုစပ် ဖက်စပ်ဆောင်ရွက်နိုင်ရေး နိုင်ငံခြားမိတ်ဖက်ကုမ္ပဏီ ရွေးချယ်ရန်ကိစ္စများနှင့် စပ်လျဉ်း၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဆောင်သော စီမံခန့်ခွဲရေးကော်မတီကို ၂၀-၁၁-၂၀၁၄ ရက်နေ့တွင်လည်းကောင်း၊ အများပိုင်ကုမ္ပဏီဖွဲ့စည်းရေးနှင့် တင်ဒါရွေးချယ်ရေး လုပ်ငန်းကော်မတီကို ၅-၈-၂၀၁၅ ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်ဒါရွေးချယ်ရေး လုပ်ငန်းများကို စနစ်တကျ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ယခင် လိုင်စင်ချထားခြင်းဆိုင်ရာ တင်ဒါလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် Roland Berger Consultant ကုမ္ပဏီ ကျွမ်းကျင်အဖွဲ့အား ငှားရမ်း၍ အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြောင်း၊ ၁၁.၉.၂၀၁၅ ရက်နေ့တွင် ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခုအား ပြည်တွင်းအထူးလုပ်ငန်းကုမ္ပဏီ (Special Purpose Company) အဖြစ် Myanmar National Telecom Holding Public Limited ကိုဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ၁၉.၁.၂၀၁၆ ရက်နေ့တွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သည့် ပြည်ထောင်စုဝန်ကြီးဌာနများအားဖိတ်ကြား၍ စတုတ္ထမြောက် လိုင်စင်ရယူဆောင်ရွက်မည့် ကိစ္စရပ်များ ရှင်းလင်းပြောကြားပြီး အစိုးရအစုရှယ်ယာရှင်အား ဖိတ်ခေါ်ခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့မှ ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပြုတင်ပြထားသည့် Star High Co.,Ltd အားသတ်မှတ်ပေးနိုင်ခဲ့ကြောင်း၊
၁၈.၃.၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှ Request for Proposal (RFP) အရ လျှောက်လွှာတင်သွင်းလာသည့် နိုင်ငံခြားကုမ္ပဏီတစ်ဖွဲ့တည်းဖြစ်စေ၊ တစ်ဖွဲ့ထက်ပိုသည်ဖြစ်စေ Foreign Partner ရွေးချယ်ရေး အနိမ့်ဆုံးအမှတ်ပေးဇယား ၁၂၅၀ ထက် ပိုမိုကောင်းမွန်သော အမှတ်သတ်မှတ်ချက် ရရှိမှသာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ အတည်ပြုချက်ရယူရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
၁၈.၃.၂၀၁၆ ရက်နေ့တွင် တင်ဒါလုပ်ငန်းအဆင့်ဆင့် (EOI, RFP နှင့် Application) ကို သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ ဗီယက်နမ်နိုင်ငံViettel ကုမ္ပဏီ၏ အဆိုပြုလျှောက်လွှာကို တင်ဒါပိတ်သိမ်းသည့် ၁၈.၃.၂၀၁၆ ရက်နေ့ သတ်မှတ်အချိန်တွင် လက်ခံရရှိခဲ့ကြောင်း၊ ထို့ကြောင့် Consultant ကုမ္ပဏီနှင့် အစုရှယ်ယာရှင် ကိုယ်စားလှယ်များ၏ သုံးသပ်ချက်များ၊ တင်ဒါရွေးချယ်ရေးကော်မတီမှ အကြံပြုချက်များ၊ စီမံခန့်ခွဲရေးကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအရ စီမံခန့်ခွဲရေးကော်မတီအနေဖြင့် တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ အဆိုပြုခဲ့သော ဗီယက်နမ်နိုင်ငံ Viettel ကုမ္ပဏီမှာ Foreign Partner ရွေးချယ်ရေး အနိမ့်ဆုံး အမှတ်ပေးဇယားထက် ပိုမိုကောင်းမွန်သော အမှတ် ၁၆၁၀ ရရှိခဲ့သဖြင့် Successful Applicant အဖြစ် သတ်မှတ်ပြီး ဖက်စပ်ဖွဲ့စည်းရေး လုပ်ငန်းဆိုင်ရာ သဘောတူညီချက် ရရှိရေးအတွက် အသေးစိတ် ညှိနှိုင်းဆွေးနွေးမှုများအား ဆက်လက်ဆောင်ရွက်ခွင့်ပြုနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူထားရှိပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ref - Internet Journal
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link




Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>